အာဆီယံသံအမတ်ကြီးများချစ်ကြည်ရေး ဂိမ်း ကစားခဲ့ကြသည့် ၂၀၂၃ ခုနှစ် အာဆီယံမိသားစုနေ့အခမ်းအနား

0
167

အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ(ABC)၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မြန်မာသံရုံး၊ဘရပ်ဆဲလ်မြို့မှဦးဆောင်ကာ အာဆီယံသံအမတ်ကြီးများချစ်ကြည်ရေး ဂိမ်း ကစားခဲ့ကြသည့် ၂၀၂၃ ခုနှစ် အာဆီယံမိသားစုနေ့အခမ်းအနားကို အောက်တိုဘာ ၇ ရက်​နေ့ကကျင်းပခဲ့သည်။

အခမ်းအနားအား ဘရပ်ဆဲလ်မြို့ရှိ အင်ဒိုနီးရှား ယဉ်ကျေးမှုစင်တာ၌ကျင်းပရာ မြန်မာသံအမတ်ကြီးဦးစိုးလင်းဟန်မှ အာဆီယံမိသားစုနေ့ အခမ်းအနားသည် အာဆီယံ၏စည်းလုံးညီညွတ်မှုနှင့်စုံလင်ကွဲပြားသော အရောင်အသွေးများစုစည်းတည်ရှိနေမှုကို ဂုဏ်ပြုသည့်အခမ်းအနားဖြစ်သည်ဟု မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့သည်။

အခမ်းအနားတွင် ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများမှသံအမတ်ကြီးများက ချစ်ကြည်ရေး Game ကစားခဲ့ကြကာ သက်ဆိုင်ရာနိုင်ငံအလိုက် ယဉ်ကျေးမှုအဆိုအကများဖြင့်ဖျော်ဖြေခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here