ဂါဇာကမ်းမြောင် သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ ပို့နိုင်ရေး ကုလပြောကြား

0
330
Palestinians evacuate the area following an Israeli airstrike on the Sousi mosque in Gaza City on October 9, 2023. - Israel continued to battle Hamas fighters on October 9 and massed tens of thousands of troops and heavy armour around the Gaza Strip after vowing a massive blow over the Palestinian militants' surprise attack. (Photo by Mahmud HAMS / AFP)

ရောမ၊အောက်တိုဘာ ၉

အစ္စရေးကို ဟားမက်စ်တိုက်ခိုက်မှုအား အစ္စရေးကလေကြောင်းဖြင့်တုံ့ပြန်ခဲ့ရာ ဂါဇာကမ်းမြောင်ဒေသသို့ စားနပ်ရိက္ခာပို့ဆောင်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပို့ခွင့်ပေးရန်
ကမ္ဘာ့ကုလသမဂ္ဂ၏စားနပ်ရိက္ခာအစီအစဉ် (WFP) ကတောင်းဆိုခဲ့ကြောင်းသိရသည်။

“ပဋိပက္ခတွေပြင်းထန်လာတာနဲ့အမျှ ထိခိုက်လွယ်တဲ့ကလေးတွေနဲ့ မိသားစုတွေအပါအဝင် အရပ်သားတွေဟာ မရှိမဖြစ်လိုအပ်တဲ့ ရိက္ခာထောက်ပံ့မှုတွေရရှိရေးမှာ စိန်ခေါ်မှုတွေပိုများလာနေပါတယ်” ဟု ရောမအခြေစိုက် WFP ကပြောကြားခဲ့သည်။

WFP အနေနှင့် ဘေးကင်းသည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပို့ဆောင် ရေး၊ စားနပ်ရိက္ခာရရှိရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို သက်ဆိုင်ရာအဖွဲ့အစည်းများကလိုက်နာပေးပါရန်လည်းတောင်းဆိုခဲ့သည်။

အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများ နှင့်ယာယီစစ်ရှောင်စခန်းများတွင် နေထိုင်နေကြရသူများအတွက် အစားအစာသိုလှောင်ရန်လည်း အဆင်သင့်ဖြစ်နေပြီဟု WFP က ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here