အစ္စရေးသို့ စစ်လေယာဉ်နှင့်သင်္ဘောများ အမေရိက ပို့ဆောင်မည်

0
331

ဝါရှင်တန်၊အောက်တိုဘာ ၉

အမေရိက သည် ၎င်းအနေဖြင့် အစ္စရေးအားထောက်ခံမှုကိုပြသသည့်အနေဖြင့် စစ်သင်္ဘောများနှင့်လေယာဉ်များကို အစ္စရေးသို့စေလွှတ်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကပြောကြားခဲ့သည်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမက်စ်သည် ပြီးခဲ့သည့်စနေနေ့နံနက်အစောပိုင်းမှစကာ ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံတွင်းသို့ ဒုံးပျံပေါင်း ၂,၂၀၀ ဖြင့်စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်စစ်မက်စတင်ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

တင်းမာမှုများမြင့်တက်လာပြီး နှစ်ဖက်တိုက်ခိုက်မှုများကြောင့် နှစ်ရက်တာကာလအတွင်း လူပေါင်းထောင်ချီသေဆုံးကာ သေဆုံးသူများထဲတွင် အစ္စရေးသို့ ရောက်ရှိ‌နေသည့် နိုင်ငံအသီးသီးမှနိုင်ငံခြားသားများလည်းပါဝင်ခဲ့သည်။

ယင်းတို့အနက် ထိုင်း၊နီပေါ၊ကမ္ဘောဒီးယားနှင့် အမေရိကန်နိုင်ငံသားများလည်းအပါအဝင်ဖြစ်သည်ဟုသိရသည်။ ထို့ကြောင့်ပင် ကာကွယ်ရေးဝန်ကြီးသည် အမေရိကန်လေယာဉ်တင်သင်္ဘော USS Gerald R Ford အားစေလွှတ်ခဲ့ပြီး လေယာဉ်များကိုပါစေလွှတ်မည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

အစ္စရေးအနေဖြင့် ၎င်း၏လုံခြုံရေးအတွက် အပြည့်အဝခုခံကာကွယ်ပိုင်ခွင့်ရှိပြီး နောက်ပိုင်းရက်များတွင် အစ္စရေးအားထောက်ပံ့မည့် စစ်ရေးအကူအညီများရရှိတော့မည်ဖြစ်ကြောင်းလည်း ကန်သမ္မတက အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအားပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here