အရေးပေါ်အစားထိုးပြုပြင်ခြင်းများပြုလုပ်ရမည်ဖြစ်၍ ရန်ကုန်တိုင်းရှိ မြို့နယ် ၅ ခု၌ ၄ နာရီခန့်ကြာ လျှပ်စစ်မီးပြတ်တောက်မည်

0
351

အောက်တိုဘာ ၁၀ ရက် (မနက်ဖြန်) တွင် ၄ နာရီခန့်ကြာ လျှပ်စစ်မီးပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ အသိပေးခဲ့သည်။

ကောင်းကင်ဓာတ်အားလိုင်းတည်ဆောက်ရေးဌာနခွဲ၏ 66kV သာကေတ-ပုသိမ်ညွန့် ဓာတ်အားလိုင်း၊ 2-Pole Suspension တိုင်အနီးရှိ မြေထိန်း နံရံသည်ပြိုကျပြီးနောက် တိုင်ယိုင်သွားခဲ့သဖြင့် အစားထိုးပြုပြင်ခြင်းကို အရေးပေါ်ဆောင်ရွက်ရမည်ဖြစ်သည်။

ထိုသို့ အရေးပေါ်အစားထိုးပြုပြင်ခြင်းအား အောက်တိုဘာ ၁၀ ရက်(မနက်ဖြန်)နံနက် ၁၁ နာရီမှနေ့လည် ၃ နာရီအထိ ယာယီလျှပ်စစ်ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ကြောင့် ဗဟန်း၊ တာမွေ၊ ရန်ကင်း၊ မင်္ဂလာတောင်ညွန့်နှင့်တောင်ဉက္ကလာပမြိုနယ်တို့ရှိ ရပ်ကွက်နေရာအချို့တွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မှုရှိမည်ဖြစ်ကာ ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးတို့အတွက် အလေးထားဆောင်ရွက်သွားမည်ဟု YESC ကအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here