ကြည့်မြင်တိုင်မြို့နယ်နေ ရွှေဆိုင်ပိုင်ရှင်၏ရုပ်အ-လောင်းအား မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပဲခူးသွားကားလမ်းမကြီးဘေး၌ ယနေ့နံနက်ပိုင်းကတွေ့ရှိခဲ့

0
593

ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်နေ “ဇမ္ဗူရစ်”ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦး၏ရုပ်အ-လောင်းအား အောက်တိုဘာ ၉ ရက်နံနက် ၇ နာရီခွဲခန့်က မင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့်မြို့၊ဧရာဇ်ရပ်ကွက်ရှိ ရန်ကုန်-ပဲခူးသွားကားလမ်းမကြီးဘေး၌ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၊မကျည်းတန်းတောင်အ ရှေ့ရပ်ကွက်နေ ဦးမင်းဇော်ဦးသည် အောက်တိုဘာ ၈ ရက်ည ၈ နာရီခွဲခန့်က ကြည့်မြင်တိုင်ညဈေးမှ ၎င်းဖွင့်လှစ်ထားသည့် “ဇမ္ဗူရစ်”ရွှေဆိုင်အားပိတ်၍ ရွှေထည်ပစ္စည်းများနှင့်အတူနေအိမ်သို့ သားဖြစ်သူနှင့်အတူ ပြန်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လာစဥ် အမည်မသိအမျိုးသား ၃ ဦးမှ ကားတစ်စီးပေါ်မှဆင်းလာပြီးနောက် ဦးမင်းဇော်ဦးအားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားသူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စုံစမ်းစစ်ဆေးရာမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ဦးမင်းဇော်ဦး၏ရုပ်အ-လောင်းအား ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here