လဝက ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ကြား နားလည်မှုစာချွန်လွှာ(MoU)လက်မှတ်ရေးထိုးရေးကိုဆွေးနွေး

0
264

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် UNDP-UNHCR တို့ကြားနားလည်မှုစာချွန်လွှာ(MoU)လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ လဝက ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့်ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ် Ms. Noriko Takagi တို့ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi အား အောက်တိုဘာ ၉ ရက်နံနက် ၁၀ နာရီက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လဝက ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ကြားနားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ရေးထိုးနိုင်ရန် MoU ပါ အချက် အလက်၊အသုံးအနှုန်းများ ပြင်ဆင်၊အတည်ပြုဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် MoU တွင် ထည့်သွင်းဖော်ပြမည့် စကား လုံးအသုံးအနှုန်းများနှင့်ပတ်သက်၍ နှစ်ဖက်ညှိ နှိုင်းဆွေးနွေးမှုအပေါ် ပြန်လည်ပြင်ဆင်ပြုစုနိုင်ရေး၊ MoU ချုပ်ဆိုရန်ဆောင်ရွက်နေစဉ်အတွင်း UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာနှင့်နေခွင့်သက်တမ်းတိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ပေးမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန် လည်ဝင်ရောက်နိုင်ရေးနှင့်ပတ်သက်သည့် လုပ် ငန်းများထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် UNHCR တို့ကြား ရိုးရှင်းသည့် MoU တစ်ရပ်ဖြစ်စေရေးအတွက် နှစ်ဘက်ညှိနှိုင်းဆောင်ရွက်သင့်သည့် အခြေအနေများ၊မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်နေသည့် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်း စဉ်ကို UNHCR အနေဖြင့် သိရှိနားလည်ပြီး အပြု သဘောဆောင်သည့် ပူးပေါင်းကူညီမှုများဆောင် ရွက်ပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here