မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့ရှိ ရပ်ကွက် ၄ ခုအတွင်းရေဝင်ရောက်လျက်ရှိ

0
254

ရှမ်းပြည်နယ်၊လားရှိုးမြို့၌ အောက်တိုဘာ ၉ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက် ၄ ခုအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းကာချောင်းရေမြင့်တက်မှုကြောင့် လားရှိုးမြို့ရှိ ရပ်ကွက်(၆)၊ရပ်ကွက်(၇)၊ရပ်ကွက်(၈)နှင့်ရပ်ကွက်(၁၂)တို့ရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“အရင်က လားရိူးမှာရေကြီးရေလျှံတယ်ဆိုတာသိပ်မကြားရဘူး အခုမိုးလေးနည်းနည်းရွာရင်ကို ရေကတက်လာပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။

ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် နေအိမ်များအတွင်း ရေဝင်ရောက်မှုများလျော့နည်းစေရန် ပိတ်ဆို့တားဆီးပေးခြင်းလုပ်ငန်းများအား လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Photo-လားရှိုးလူငယ်များအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here