ဖားကန့်မြို့နယ် လုံးခင်းမြစိမ်း‌မြေ ဂေါက်ကလပ်အတွင်းရှိ ရေကန်တွင် အသက် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ရေ-နစ်‌ေ သ-ဆုံး

0
615

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ လုံးခင်းမြစိမ်း‌မြေဂေါက်ကလပ်ကွင်း ကျင်းနံပါတ် (၃) ရေကန်တွင် အသက် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ရေဆင်းချိုးရာမှ ရေ-နစ်‌ေ သ-ဆုံး မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့်ရုံးမှ သိရသည်။

ဖားကန့်မြို့နယ် လုံးခင်းမြစိမ်း‌မြေ ဂေါက်ကလပ်ကွင်း ကျင်း နံပါတ် (၃) ရေကန်တွင် ယနေ့ အောက်တိုဘာ (၁၀)ရက်နံနက်ပိုင်းက မုန်ဒန်အောင် အသက် (၇) နှစ်အရွယ် ကလေးငယ်မှာ ရေဆင်းချိုးရာမှ ရေ-နစ်သွားပါသဖြင့် မိဘဖြစ်သူမှ ရေငုပ်ရှာဖွေပေးရန် အကူညီတောင်းခံလာရာ အသင်းမှ ရေငုပ်ရှာဖွေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လုံးခင်းမြစိမ်း‌မြေ ဂေါက်ကလပ်ကွင်း ကျင်းနံပါတ် (၃) ရေကန်မှာ ရေချိုးရင်း နစ်-မြုပ်သွားတာ။ မုန်ဒန်အောင် အသက် (၇) နှစ်ကို ရေငုပ်ရှာဖွေပေးနိုင်ခဲ့တယ်”ဟု အသင်းမှ ပြောဆိုသည်။

အဆိုပါ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ကလေးငယ်ကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့်မှ ရေငုပ်ရှာဖွေပေးခဲ့ရာ ရုပ်အ-လောင်းအား ပြန်လည်ရရှိခဲ့ပြီး မိဘများထံသို့ အပ်နှံပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here