လှည်းကူးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ (၁၇) ခုအတွင်း ရေဝင်ရောက်လျက်ရှိ

0
377

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ (၁၇) ခုအတွင်း၌ အောက်တိုဘာ (၈) ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ်ရှိ မြို့မရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ကျွန်းကလေး၊ ကျောက်ကုဒင်၊ စွယ်လပ်၊ ဇရပ်ကွင်း၊ဖောင်ကြီး(အရှေ့)၊ စခန်းကြီး၊ ကြာအင်း၊ ကလီထော် (အနောက်)၊ ကလီထော်(အရှေ့)၊ မင်းကုန်း၊ ဖဲခမဲ၊ စာဘူးတောင်း၊ ငါးဆူတောင်၊ သူငယ်ချောင်း၊ အုန်းနှဲကုန်းကျေးရွာတို့ရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည်။

ယင်းကဲ့သို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေး ရေယာဉ် (၁၂) စီးနှင့်အတူ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဘလူမှုကူညီရေး အသင်းဝင်များက ရေဝင်ရောက်နေသည့် နေအိမ်များ၌ နေထိုင်သူများအား ရေဘေးလွတ်ကင်းရာသို့ ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နံနက် (၆) နာရီခန့်ကလည်း လှည်းကူးမြို့နယ်၊ ခရောင်ကျေးရွာရှိ သူရိယာရာမ ပညာရောင်ဘုန်းတော်ကြီးကျောင်းအတွင်း၌ ရေများဝင်ရောက်နေ၍ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဘုန်းတော်ကြီးကျောင်းအတွင်း သီတင်းသုံးနေတော်မူသည့် ဆရာတော်၊ သံဃာတော်များအား ရေဘေးလွတ်ကင်းရာသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here