မလေးရှားတွင် ချောင်းထဲ ရေဆင်းကူးရာမှ ရေန-စ်‌ေ သ-ဆုံးခဲ့သည့် မြန်မာနိုင်ငံသား၏ ရုပ်အ-လောင်းအားနေရပ်ပြန်ပို့မည်

0
384

မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ်၊ အလက်စတားမြို့တွင် ချောင်းထဲ ရေဆင်းကူးရာမှ ရေန-စ်‌ေ သ-ဆုံးခဲ့သည့် မြန်မာနိုင်ငံသား Thang Zom Khai (၁၉)နှစ်၏ ရုပ်အ-လောင်းအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဟု မြန်မာလူမူကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

အလက်စတားမြို့တွင် အလုပ်လုပ်ကိုင်နေသော Thang Zom Khai သည် စက်တင်ဘာ (၂၆) ရက်က ချောင်းထဲ၌ ရေဆင်းကူးစဥ် တောင်ကျရေအရှိန်ကြောင့် မျောပါပြီးရေန-စ်‌ေ သ-ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ရုပ်အ-လောင်းအားပြန်လည်တွေ့ရှိပြီးနောက် အလက်စတားမြို့ ဆေးရုံ အအေးခန်းတွင်ထားရှိရာမှ အောက်တိုဘာ (၁၂) ရက်တွင် သယ်ဆောင်၍ မွန်းလွဲ (၂) နာရီ၌ ဒေသခံချင်းအမျိုးသားများ ဇိုမီးကွန်မြူနတီအဖွဲ့များဖြင့်ပူးပေါင်းကာ ကာချမ်းမြို့တွင် ဆုတောင်းပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မိသားစုဝင်များ၏ အကူအညီတောင်းခံမှုကြောင့် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ Thang Zom Khai ၏ ရုပ်အ-လောင်းအား ချင်းပြည်နယ်၊ တီးတိန်မြို့ဟေလေကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here