ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်ထက် (၄) ပေကျော်မြင့်တက်လာ

0
299

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် (၄) ပေကျော်မြင့်တက်လာပြီး ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ ရေနစ်မြှုပ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ပဲခူးမြစ်ရေသည် ၁၂၄ စင်တီမီတာသို့ရောက်ရှိနေပြီး (၄)ပေကျော် မြင့်တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ မြစ်ရေသည် ယနေ့တွင်လည်း (၃) လက်မခန့် ဆက်လက်မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်‌ရှိနေနိုင်ကြောင်းလည်း ‌အသိပေးထားသည်။

ထို့ကြောင့် ပဲခူးမြို့နယ် အတွင်းရှိ မြစ်ကမ်းပါးအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

ထို့ပြင် ရေဘေးကယ်ဆယ်ရေးစခန်း (၃၀) ကျော် ဖွင့်လှစ်ထားရပြီ လူဦးရေ ၁၅,၀၀၀ ဝန်းကျင်ကို ရေဘေးကယ်ဆယ်ရေး အကူအညီများ ပေးထားရကြောင်း သိရသည်။

ပဲခူးမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည့်အတွက် ရေဘေးဒုက္ခ ကြုံတွေ့နေရသည့် နေရာများတွင် အချိန်နှင့် တပြေးညီ ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှလည်း ရှာဖွေကယ်ဆယ်ရေး (အထူး) တပ်ဖွဲ့ဝင်များ ယမန်နေ့ကစတင် စေလွှတ်ထားပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here