ကျောက်ပန်းတောင်းတွင် ချောင်းရေနှင့်အတူ မျောပါသွားသည့် အမျိုးသားအား ယနေ့နံနက်ပိုင်းတွင် ‌ေ သ-ဆုံးလျက်ပြန်တွေ့

0
196

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာအနီးတွင် အောက်တိုဘာ (၉) ရက် ညနေပိုင်းက အမျိုးသားတစ်ဦးချောင်းရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး အ-လောင်းအား ယနေ့ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ (၅)နာရီ (၄၅)မိနစ်ခန့်က အမျိုးသားတစ်ဦးသည် ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာအနီးရှိ ဆည်ပေါက်ရေကျော်ချောင်းအတွင်း ချောင်းရေကျချိန်တွင် ဖြတ်ကူးရာမှ ချောင်းရေစီးနှင့်အတူ မျောပါကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပျောက်ဆုံးသွားသဖြင့် ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ကျေးရွာနေသူများ ပူးပေါင်း၍ ရှာဖွေခဲ့ကြသော်လည်း ပြန်လည်တွေ့ရှိခဲ့ခြင်းမရှိသဖြင့် ယနေ့ အောက်တိုဘာ (၁၀) ရက်တွင် ဆက်လက်ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ ရှာဖွေရာမှ ယနေ့ နံနက် (၈) နာရီ (၁၅) မိနစ်ခန့်တွင် ချောင်းရေနှင့်အတူ မျောပါပျောက်ဆုံးသွားသူ၏ ရုပ်အ-လောင်းအား ပြန်လည်တွေ့ရှိခဲ့ရသဖြင့် သုဂတိရှင်နာရေးကူ ညီမှုအသင်းမှ ကျောက်ပန်းတောင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here