မုတ်သုံလေ ဖိအားနည်းမြောင်တန်း မြစ်ဝကျွန်းပေါ်နှင့် မုတ္တမကွေ့ဒေသများမှ ဖြတ်သန်းလျက်ရှိ

0
267

မုတ်သုံလေဖိအားနည်းမြောင်တန်းသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်နှင့် မုတ္တမကွေ့ ဒေသများမှ ဖြတ်သန်းလျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အောက်တိုဘာ (၁၀) ရက်နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာ (၁၀) ရက်ညနေပိုင်းအထိ နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်းလည်း မိုးဇလက အသိပေးထားသည်။

ထို့အတူ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မကွေးတိုင်း ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအသင့်အတင့်ရှိနိုင်ပြီး (၄) ပေမှ (၆) ပေခန့်ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here