လက်ရှိပဲခူး

0
296

ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် ပဲခူးမြို့၏ အခြေအနေကို ဝေဟင်မှ ရိုက်ကူးထားသည့်ဓာတ်ပုံများအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်​ပေးထားသည်။

ပဲခူးတွင်မိုးရွာ​နေသော်လည်း ​မြို့ထဲတွင်(​ညောင်ဝိုင်း)ရေ ၁၀လက်မခန့်ကျ(မနက်အ​စော ၆လက်မကျ၊ယ​နေ့နေ့လည် ၄လက်မထပ်ကျ)လာ​ကြောင်း သိရသည်။

အိမ်​ပေါ်ထပ်ကျန်​နေသူများ၏အ​ခြေအ​နေမှာစားစရာလိုက်​ဝေ​ပေးသူ​များကြောင့် အဆင်​ပြေ​နေပြီး ဖုန်းအားသွင်းရန် အင်ဗာတာများ အားမကျန်​တော့သည့်အ​နေအထားဖြစ်သည်။

​ရေသန့်များ လာ​ဝေသည်များရှိသည့်အတွက်အဆင်​ပြေသလိုမိုး​​ရေခံပြီးသုံးနေ​သည့်သူများလည်းရှိသည်။ အကူညီလိုသူများအတွက်လည်း လူမူကွန်ယက်သုံးနိုင်​နေ​သေးသည့်သူများက ဝိုင်းဝန်းကူညီပြီးသတင်းဖြန့်​ပေးလျှက်ရှိသည်။

လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းဦးဆောင်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး(အထူး) တပ်ဖွဲ့ဝင်(၃၃) ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၁၃၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းများနှင့်ပူးပေါင်း၍ ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here