ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် ပဲခူးမြို့၏ အခြေအနေကို ဝေဟင်မှ ရိုက်ကူးထားသည့်ဓာတ်ပုံများအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ပေးထားသည်။
ပဲခူးတွင်မိုးရွာနေသော်လည်း မြို့ထဲတွင်(ညောင်ဝိုင်း)ရေ ၁၀လက်မခန့်ကျ(မနက်အစော ၆လက်မကျ၊ယနေ့နေ့လည် ၄လက်မထပ်ကျ)လာကြောင်း သိရသည်။
အိမ်ပေါ်ထပ်ကျန်နေသူများ၏အခြေအနေမှာစားစရာလိုက်ဝေပေးသူများကြောင့် အဆင်ပြေနေပြီး ဖုန်းအားသွင်းရန် အင်ဗာတာများ အားမကျန်တော့သည့်အနေအထားဖြစ်သည်။
ရေသန့်များ လာဝေသည်များရှိသည့်အတွက်အဆင်ပြေသလိုမိုးရေခံပြီးသုံးနေသည့်သူများလည်းရှိသည်။ အကူညီလိုသူများအတွက်လည်း လူမူကွန်ယက်သုံးနိုင်နေသေးသည့်သူများက ဝိုင်းဝန်းကူညီပြီးသတင်းဖြန့်ပေးလျှက်ရှိသည်။
လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းဦးဆောင်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး(အထူး) တပ်ဖွဲ့ဝင်(၃၃) ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၁၃၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းများနှင့်ပူးပေါင်း၍ ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့