လားရှိုးမြို့ရှိ ဝန်ထမ်းအိမ်ယာတစ်ခုတွင် ပုတ်ပွ‌ေ သ-ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အ-လောင်းတွေ့ရှိ

0
260

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက် (၁)ရှိ ဝန်ထမ်းအိမ်ယာတစ်ခုတွင် ပုတ်ပွ‌ေ သ-ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အ-လောင်းအား ယနေ့ အောက်တိုဘာ (၁၀) ရက် နေ့လယ် (၁ )နာရီကျော်ခန့်က တွေ့ရှိခဲ့ရကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ သိရသည်။

“ပတ်ဝန်းကျင်က လူတွေက အတော်ဆိုးဆိုးရွားရွားထွက်နေတဲ့ အပုတ်နံ့တွေရလို့ လိုက်ရှာကြရင်းနဲ့ အခန်းထဲက ကုတင်ပေါ်မှာ တွေ့တာလို့သိရတယ်။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့ လူတွေက စစ်ဆေးနေတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်မှ တွေ့ရှိခဲ့ရသည့် ရုပ်အ-လောင်းအား တာဝန်ရှိသူများက စစ်ဆေးပြီးနောက် လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ လားရှိုးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြရာ ဆေးရုံကြီးမှ(PR-016)ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here