(၆)လတာ ကာလအတွင်း ပြည်ပသို့ ပဲတီစိမ်းတန်ချိန် ၂၃၉,၀၀၀ ကျော် တင်ပို့

0
266

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ ခြောက်လတာကာလအတွင်း ပြည်ပသို့ ပဲတီစိမ်းတန်ချိန် ၂၃၉,၁၉၁ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆၁ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ် ဧပြီလ (၁) ရက်မှ စက်တင်ဘာလ (၂၉) ရက်အထိ ပင်လယ်ရေကြောင်းမှ ပဲတီစိမ်း တန်ချိန်  ၁၈၃,၁၉၈ တန်ကျော် တင်ပို့ခဲ့ပြီး နယ်စပ်မှတစ်ဆင့် ပဲတီစိမ်းတန်ချိန် ၅၅၉၉၂ တန်ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၈၆၃,၃၆၆ ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၇၁၅ သန်းကျော် ရရှိခဲ့ကြောင်းလည်း စီးပွားကူးသန်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here