စက်တင်ဘာလအတွင်း ပြည်ပသို့ လုပ်သားစေလွှတ်မှုစာရင်း တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို အရေးယူမည်

0
235

အေဂျင်စီ (၄၈၄) ခုတွင် အလုပ်သမား စာရင်းပေးပို့ခြင်းမရှိသေးသည့် အေဂျင်စီ (၇၀) ကျော်ရှိနေ

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပြည်ပသို့ လုပ်သားစေလွှတ်မှုစာရင်း တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို အရေးယူမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအနေဖြင့် ထိုင်း၊ မလေးရှား၊ ဂျပန်အပါအဝင် အခြားပြည်ပနိုင်ငံများသို့ နိုင်ငံအလိုက် စေလွှတ်ခဲ့သည့် အလုပ်သမား စာရင်းအား အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနသို့ တင်ပြရခြင်းဖြစ်သည်။

ထို့အပြင် အလုပ်သမား စေလွှတ်နိုင်ခဲ့ခြင်း မရှိသည့် အေဂျင်စီများအနေဖြင့်လည်း အလုပ်သမားစေလွှတ်ထားခြင်းမရှိကြောင်း တင်ပြရန်လိုအပ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပအလုပ်အကိုင် အေဂျင်စီ (၄၈၄) ခုရှိပြီး အလုပ်သမားစေလွှတ်ထားသည့် စာရင်းပေးပို့ခြင်းမရှိသေးသည့် အေဂျင်စီ (၇၀) ကျော်ရှိနေကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ လုပ်သားစေလွှတ်မှု စာရင်းလုံးဝပေးပို့လာခြင်းမရှိသည့် အေဂျင်စီများကို စေလွှတ်ရေးလုပ်ငန်းစဉ် စတင်ရပ်ဆိုင်းခံရမည်ဖြစ်ပြီး သတိပေးအကြောင်းကြားမှုများ ဆောင်ရွက်ခံရမည်ဖြစ်ကာ ထပ်မံ၍ မလိုက်နာပါက အဆိုပါ အေဂျင်စီအား ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here