တရုတ်နှင့်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန်ကြိုးပမ်းနေဟု သမ္မတဆိုင်အင်ဝမ်ဆို

0
324
Taiwan's President Tsai Ing-wen speaks during a National Day event in front of the Presidential Office in Taipei on October 10, 2023. (Photo by Sam Yeh / AFP)

တိုင်ပေ၊အောက်တိုဘာ ၁၀

ထိုင်ဝမ်အနေဖြင့် လွတ်လပ်ပြီးအကန့်အသတ်မရှိသည့် အပြန်အလှန် ဆက်ဆံရေးမျိုးဖြင့် တရုတ်နိုင်ငံနှင့်အတူယှဉ်တွဲနေထိုင်ရန်ကြိုးပမ်းနေသော်လည်း ထိုင်ဝမ်၏နောင်မျိုးဆက်များအတွက် ဒီမိုကရေစီနိုင်ငံအဖြစ်သာ ဆက်လက်ရပ်တည်နေရလိမ့်မည်ဖြစ်ကြောင်း သမ္မတဆိုင်အမ်ဝမ်က ၎င်း၏ နိုင်ငံတော်နေ့ မိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်က၎င်း၏အချုပ်အခြာအာဏာပိုင်အဖြစ်ယူဆထားသည့် ထိုင်ဝမ်သည် မကြာမီနှစ်ပိုင်းများအတွင်း ပေကျင်းဘက်မှ စစ်ရေးနှင့်နိုင်ငံရေးဖိအားပေးမှုများအား ဆက်တိုက်ဆိုသလိုကြုံတွေ့ခဲ့ရပြီး ၎င်းတို့အနက် ကျွန်းအနီးတစ်ဝိုက်ပြုလုပ်ခဲ့သည့်ပေကျင်း၏ စစ်ရေးလေ့ကျင့်မှုများလည်းပါဝင်ခဲ့သည်။

သမ္မတသက်တမ်းနှစ်ခါဆက်တိုက်ဖြစ်ပြီးနောက် သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရန်အခွင့်အရေးမရှိတော့သောသမ္မတဆိုင်အင်ဝမ်သည် ၎င်းတာဝန်ထမ်းဆောင်စဉ်သက်တမ်းတစ်လျှောက် တရုတ်နှင့်တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ်ကြိုးပမ်းကမ်းလှမ်းခဲ့သော်လည်း ဆိုင်အင်ဝမ်အား ခွဲထွက်ရေးသမားအဖြစ်ယူဆထားသည့် ပေကျင်းဘက်မှ အကြိမ်ကြိမ်အခါခါပယ်ချခဲ့သည်။

သမ္မတဆိုင်အင်ဝမ်က၎င်း၏မိန့်ခွန်း၌ နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံအားပေးမှုများကလည်း ထိုင်ဝမ်အတွက် မထင်မှတ်ထားလောက်သောအခြေအနေတစ်ခုအထိရောက်စေခဲ့ပြီး တရုတ်နှင့်ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်ရန် ယုံကြည်မှုရှိလာစေသည်အထိအထောက်အကူဖြစ်ခဲ့ကာ တရုတ်နှင့်အတူယှဉ်တွဲနေထိုင်ခြင်းအားဖြင့် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်လိမ့်မည်ဟုလည်းဆိုခဲ့သည်။

ဆက်လက်၍၎င်းက ထိုင်ဝမ်နှင့်တရုတ်ကြားရှိမတူကွဲပြားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရမည်ဖြစ်ပြီး လက်ရှိအနေအထားအတိုင်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်သွားခြင်းကသာ နှစ်နိုင်ငံအတွက် အကျိုးရှိပြီးငြိမ်းချမ်းစေမည်ဖြစ်ကြောင်းလည်း သမ္မတဆိုင်အင်ဝမ်ကဆိုခဲ့သည်။

Source : Reuters
Photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here