ရန်ကုန်တိုင်း၊တိုက်ကြီးမြို့အားဗဟိုပြု၍ အင် အားအနည်းငယ်ရှိ ငလျင်တစ်ခု အောက်တိုဘာ ၁၀ ရက်ညပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ည ၁၂ နာရီ ၂၃ မိနစ် ၅၅ စက္ကန့်က တိုက်ကြီးမြို့၏ အရှေ့မြောက်ဘက်(၁၇)မိုင်ခန့်အကွာ၊မြောက်လတ္တီတွဒ်(၁၇ ဒသမ ၄၈)ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၆ ဒသမ ၁၆)ဒီဂရီ၊အနက် (၁၀) ကီလိုမီတာအားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။