တောင်တရုတ်ပင်လယ်၌ ရန်စမှုများကိုရပ်တန့်ရန် ဖိလစ်ပိုင်အားတရုတ်ပြောကြား

0
183

ပေကျင်း၊အောက်တိုဘာ ၁၀

တောင်တရုတ်ပင်လယ်ရှိကျွန်းငယ်များနှင့်ပတ်သက်၍ နောက်ထပ်ရန်စမှုများကိုထပ်မံမပြုလုပ်ရန် တရုတ်ကဖိလစ်ပိုင်အားသတိပေးခဲ့ပြီး ယင်းလုပ်ရပ်များသည် တရုတ်၏ပိုင်နက်အချုပ်အခြာအာဏာကို ချိုးဖောက်ကာ နိုင်ငံတကာဥပဒေကိုလည်းချိုးဖောက်ရာကျပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိခိုက်စေနိုင်ကြောင်းပြောကြားခဲ့သည်။
လစ်ပိုင်၏ပိုင်နက်နယ်မြေအား နိုင်ငံတကာသဘောတူစာချုပ်များနှင့်သတ်မှတ်ထားပြီးဖြစ်ကာ Renai Reef ကျွန်းသည် ဖိလစ်ပိုင်၏ပိုင်နက်မည်သည့်အခါကမျှမဖြစ်ခဲ့ဖူးကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ဗီယက်နမ်၊ဖိလစ်ပိုင်၊မလေးရှား၊ဘရူနိုင်းနှင့်အင်ဒိုနီးရှားတို့၏သီးသန့်စီးပွားရေးဇုန်များကိုဖြတ်တောက်ကာ ၎င်း၏မြေပုံပေါ်၌ တရုတ်သည် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းကအချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်းဆိုခဲ့သော်လည်း အမြဲတမ်းခုံသမာဓိရုံးကမူ တရုတ်၏အဆိုပါမြေပုံသည် တရားမဝင်ဟု ၂၀၁၆ ခုနှစ်ကဆုံးဖြတ်ချက်ချခဲ့ပြီး ပေကျင်းကမူအဆိုပါဆုံးဖြတ်ချက်အားလက်မခံခဲ့ပေ။

“ဘယ်လိုပဲဖြစ်ဖြစ် ဖိလစ်ပိုင်အနေနဲ့ တောင်တရုတ်ပင်လယ်မှာပြဿနာတက်စေနိုင်မဲ့ အပြောအဆို၊လုပ်ရပ်နဲ့ ရန်စမှုတွေကိုရပ်တန့်သင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ဆက်လက်၍တရုတ်အနေဖြင့် လိုအပ်ပါက ပိုင်နက်နယ်မြေအချုပ်အခြာအာဏာနှင့် ၎င်း၏အဏ္ဏဝါအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက် လိုအပ်တာမှန်သမျှကို လုပ်ဆောင်သွားမည်ဟုလည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here