UEC မှ နေပြည်တော်ရှိ မြို့နယ် ၈ ခုမှ ပြည်သူများအား MEVM စက်အသုံးပြု၍ မဲပေးပုံနည်းစနစ်များကိုရှင်းလင်းသရုပ်ပြသသွားမည်

0
268

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ နေပြည်တော်ရှိ မြို့နယ် ၈ ခုမှ ပြည်သူများအား MEVM စက်အသုံးပြု၍ မဲပေးပုံနည်းစနစ်များကို သတ်မှတ်နေ့ရက်များအလိုက် ရှင်းလင်းသရုပ်ပြသသွားမည်ဖြစ်သည်။

ထိုသို့ ရှင်းလင်းသရုပ်ပြသရာ၌ ဥတ္တရသီရိမြို့ နယ်ရှိ မြို့နယ်အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ၊ ပုဗ္ဗသီရိမြို့နယ်ရှိ မြို့နယ်အစည်းအဝေးခန်းမတွင် အောင်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ၊ ဇေယျာသီရိမြို့နယ်ရှိ မြို့နယ်အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၂၃ ရက်မှ ၂၇ ရက်အထိ၊ တပ်ကုန်းမြို့နယ်ရှိ မြို့နယ်အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် ပျဥ်းမနားမြို့နယ်ရှိ မြို့နယ်အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြို့နယ်အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ၊ လယ်ဝေးမြို့နယ်ရှိ မြို့နယ်စည်ပင်ခန်းမတွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ မြို့နယ်အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ကြောင့် နေပြည်တော်ရှိ မဲဆန္ဒရှင်များအနေ ဖြင့် ယင်းနေ့များတွင် MEVM စက်အသုံးပြု၍မဲပေးပုံနည်းစနစ်များရှင်းလင်းပြသခြင်းကို လာရောက်လေ့လာကာ ကိုယ်တိုင်လက်တွေ့ မဲပေးခြင်းများပြုလုပ်နိုင်သည်ဟု UEC မှအသိပေးခဲ့သည်။

UEC မှနောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများတွင် အီလက်ထရောနစ်မဲပေးစက်အသုံးပြုမဲပေးနိုင်ရန် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ သြဂုတ် ၁၄ ရက်မှစတင်ကာ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနရုံးများ၊ဌာနဆိုင်ရာအဖွဲ့အစည်းများတွင် MEVM စက်အသုံးပြု၍ မဲပေးပုံ နည်းစနစ်များကို ရှင်းလင်းပြသခြင်း၊ဝန်ကြီးဌာနများရှိဝန်ထမ်းများအား ကိုယ်တိုင်လက်တွေ့မဲပေးစေခြင်းများပြုလုပ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here