အစ္စရေးနိုင်ငံ၌ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများနေရပ်ပြန်လိုပါက Rescue Flight စီစဉ်ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိ

0
219

အစ္စရေးနိုင်ငံ၌ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အခက်အခဲရှိပါက မြန်မာသံရုံး၊တဲလ်အဗီးမြို့သို့ ဆက်သွယ်အကူအညီတောင်းနိုင်ကာ နေရပ်ပြန်လိုပါက Rescue Flight စီစဉ်ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု အသိပေးခဲ့သည်။

မြန်မာသံရုံး၊တဲလ်အဗီးမြို့အနေဖြင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ၊အခက်အခဲကြုံတွေ့နေရသူများ ဆက်သွယ်အကူအညီတောင်းခံလာပါက ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ အစ္စရေးနိုင်ငံတွင် Commercial Flight အချို့ရပ်ဆိုင်းထားမှုများရှိနေသော်လည်း အခက်အခဲကြုံတွေ့နေသူ၊နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

“အစ္စရေး ရောက် မြန်မာ
တွေက တရားဝင် အလုပ်
လုပ်ခွင့် ပါမစ်နဲ့ လာကြသူထက် စိုက်ပျိုးရေးကျောင်း လာတက်ကြပြီးမပြန်ဘဲ ဝင်အလုပ်လုပ်နေကြသူများပါတယ်၊
လက်ရှိလည်း ထိခိုက်ဒါဏ်ရာရတာ ဖမ်းဆီးခံရတာ သ-တ်ဖြ-တ်ခံရတာမျိုး မရှိသေးတော့ မပြန်ချင်ကြပါဘူး..
သို့သော် ကျနော်တို့ကတော့ အခက်အခဲ ရှိလို့ ပြန်ချင်တယ် ဆိုရင် အစ္စရေးက တာဝန်ရှိသူများနဲ့ ညှိနှိုင်းပြီး ပြန်လို့ ရအောင် စီစဥ်ပေးဖို့ ရှိပါတယ်၊ လိုအပ်ပါကလည်း ကိုယ့်နိုင်ငံက Rescue Flight စီစဥ်ဆောင်ရွက်ပေးမှာ
ဖြစ်ကြောင်း ပြောထားပါတယ်” ဟုအစ္စရေးရှိမြန်မာသံရုံးမှတာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here