အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် လူနေအိမ်ခြေ နှစ်သောင်းကျော်၊ စာသင်ကျောင်း ၅၀နီးပါးနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၁၀ ခု ပျက်စီးဆုံးရှုံး

0
162

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်ဒေသတွင် အနည်းဆုံး လူနေအိမ် အဆောက်အအုံ ၂၂,၆၃၉ လုံးနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၁၀ လုံး ပျက်စီးခဲ့ကြောင်း ပါလက်စတိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ထို့အပြင် စာသင်ကျောင်း ၄၈ ကျောင်းလည်း ပျက်စီးခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

လူနေဒေသအများအပြားတွင်လည်း လျှပ်စစ်မီးနှင့် အင်တာနက် ဝန်ဆောင်မှုများ ပြတ်တောက်လျှက်ရှိကြောင်း Al Arabiya ရုပ်သံလိုင်းက ကြေညာသည်။

အစ္စရေးပိုင်နက်အတွင်း ဂါဇာကမ်းမြှောင်မှ ဟားမတ်စ်တို၏ တိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းတွင် အောက်တိုဘာ ၇ ရက်မှစတင်၍ တင်းမာမှုများ မြင့်တက်လာခဲ့သည်။

နောက်ဆုံးရတရားဝင်ကိန်းဂဏန်းများအရ ပါလက်စတိုင်း ၉၀၀ နီးပါးသေဆုံးပြီး ၄၅၀၀ ကျော် ဒဏ်ရာရရှိခဲ့သလို၊ အစ္စရေး ၁၀၀၀ ခန့် သေဆုံးကာ ၃၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အစ္စရေးကလည်း ဂါဇာကမ်းမြှောင်ဒေသကို အလုံးစုံ ပိတ်ဆိုထားပြီး စစ်ဖြစ်နေကြောင်း ကြေညာထားသည်။

ဟားမတ်စ်တို့ကလည်း ရှည်လျားသောစစ်ပွဲ အပါအဝင် ဖြစ်ပွားနေသောပဋိပက္ခ၏ “အခြေအနေအားလုံး” အတွက် အဆင်သင့်ရှိနေကြောင်းကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here