ဘဘာဝဘေးဒဏ်သင့် ပဲခူးတိုင်း (အရှေ့)အတွက် MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် ၁၀၀ မိနစ်ကို MPT မှပေးအပ်

0
192

သဘာဝဘေးအန္တရာယ်ရေကြီးမှုကြောင့် တယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှု အခက်အခဲအချို့ ဖြစ်ပေါ်လျက်ရှိသည့် ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း)ရှိ ဒေသခံပြည်သူများကို MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် ၁၀၀ မိနစ်ကို MPT မှပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၁၀ ရက်နေ့၊ နေ့လယ် ၁း၀၀ နာရီအထိ ပဲခူး နှင့် ကဝရှိ မြို့နယ်အချို့မှလွဲ၍  ကျန်မြို့နယ်များအားလုံးနီးပါးတွင် တယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT အနေဖြင့် သဘာဝဘေးဒဏ်ကြုံတွေ့နေရသည့် ဒေသခံပြည်သူများအတွက် ၎င်းတို့၏ မိသားစုများ မိတ်ဆွေများ နှင့် အဆက်အသွယ်မပြတ်ရှိစေရန် အောက်တိုဘာ (၁၁)ရက်မှစ၍ အောက်တိုဘာ (၁၇) ရက် အထိအသုံးပြုနိုင်မည့် MPT ဖုန်းအချင်းချင်းအခမဲ့ဖုန်းခေါ်ဆိုခွင့် ၁၀၀မိနစ်ကို ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

MPT အနေဖြင့် ကျန်ရှိနေသေးသော ပဲခူး နှင့် ကဝရှိ မြို့နယ်အချို့တွင်လည်း ဆက်သွယ်ရေးဝန်ဆောင်မှုများ မူလအတိုင်း ပြန်လည်အသုံးပြုနိုင်ရန် အချိန်ပြည့် ပြင်ဆင်လျက်ရှိကြောင်းလည်း သိရသည်။

ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း) တစ်ခုလုံးတွင်လည်း တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို အပြည့်အဝ ပြန်လည်ရရှိရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here