ငရုတ်သီးစိမ်းအိတ်များနှင့်ကွမ်းခြင်းအတွင်းတို့မှ ငွေကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလိုကိုဖမ်းမိ

0
271

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်တွင် ငွေကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁ ဒသမ ၈ သိန်းနှင့်ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလိုကို အောက်တိုဘာ ၅ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၁၀ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ဖော့တောလမ်းဆုံတွင် မန္တလေးဘက်မှဟိုပင်ဘက်သို့ပြေးဆွဲသည့် ခရီးသည်တင်ကားကို တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကားပေါ်တွင်လိုက်လာသည့် ခရီးသည် ကောင်းသန့်ကျော်နှင့်ခန့်ဇင်ဝင်း တို့သယ်လာသည့် ငရုတ်သီးစိမ်းအိတ်များနှင့်ကွမ်းခြင်းအတွင်းတို့မှ ငွေကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁ ဒသမ ၈ သိန်းနှင့်ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်များအရ စိတ်ကြွဆေးပြားများနှင့်ဘိန်းဖြူများအား ရှမ်းပြည်နယ်မှကချင်ပြည်နယ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၂ ဦးအား သက်ဆိုင်ရာရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here