ဘုရားကုန်းရေလှောင်တမံအတွင်း ရေဆင်းကူးသည့် အမျိုးသားတစ်ဦးရေန-စ်သေ-ဆုံး

0
203

ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ်၊ညိုမှီးကျေးရွာ အုပ်စုရှိ ဘုရားကုန်းရေလှောင်တမံအတွင်း အောက်တိုဘာ ၉ ရက်နေ့လည် ၁ နာရီခွဲခန့်က အမျိုးသားတစ်ဦးရေဆင်းကူးရာမှ ရေန-စ်ပျောက်ဆုံးသွားခဲ့သည်။

ထို့ကြောင့် တောင်ကြီးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသော်လည်း တွေ့ရှိခဲ့ရခြင်းမရှိကြောင်း သိရသည်။

ထိုသို့ တွေ့ရှိရခြင်းမရှိ၍ အောက်တိုဘာ ၁၀ ရက်တွင်လည်း ရှာဖွေမှုများဆက်လက်ပြုလုပ်ခဲ့ရာ နေ့လည် ၃ နာရီ ၄၅ မိနစ်ခန့်၌ ရေနစ်ပျောက်ဆုံးသွားသူ၏ရုပ်အ-လောင်းအား ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ပြန်လည်တွေ့ရှိခဲ့ရသည့်ရုပ်အ-လောင်းအား ဘဝပန်းတိုင်နာရေးကူညီမှုအသင်းမှ တောင်ကြီးမြို့စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here