အရှေ့အလယ်ပိုင်းအရေးကြောင့် အနောက်နိုင်ငံများက ယူကရိန်းအပေါ် အာရုံစိုက်မှု လျော့လာမည်ကို ဇလန်းစကီး စိုးရိမ်

0
181

လက်ရှိဖြစ်ပွားနေသေည့် ဟားမတ်စ်နှင့် အစ္စရေးတို့ တိုက်ပွဲများကြောင့် အနောက်နိုင်ငံများက ယူကရိန်းအပေါ် အာရုံစိုက်မှု လျော့နည်းလာမည်ကို ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးက စိုးရိမ်နေကြောင်း ဆိုသည်။

“ကမ္ဘာ့အသိုက်အဝန်းက ယူကရိန်းအပေါ် ဂရုမစိုက်ဘဲ ဖြစ်လာနိုင်တယ်” ဟု ဇလန်းစကီးက France 2 သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် အမေရိကန်၏ အထောက်အပံ့ကို ဆက်လက်ရရှိရန် မျှော်လင့်နေကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ကိယက်ဗ်ကို အကူအညီတွေ ရပ်ဆိုင်းလိုက်ပြီဆိုရင်တော့ ရုရှားဖက်က အားသာသွားပြီဆိုတာပါပဲ” ဟုလည်း ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။

အစ္စရေးပိုင်နက်အတွင်း ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။

ဟားမတ်စ်တို့က ၎င်းတို၏တိုက်ခိုက်မှုသည် ဂျေရုဆလင်မြို ဘုရားကျောင်းတောင်ပေါ်ရှိ Al-Aqsa ဗလီတွင် အစ္စရေးအာဏာပိုင်များပြုလုပ်ခဲ့သည့် လုပ်ရပ်ကို တုန့်ပြန်ခြင်းဖြစ်ကြောင်း ဟားမတ်စ်တို့က ပြောကြားခဲ့သည်။ အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံပိတ်ဆိုထားပြီး စစ်ဖြစ်နေကြောင်း ကြေညာခဲ့သည်။ ဟားမတ်စ်တို့ကလည်း ရှည်လျားသောစစ်ပွဲ အပါအဝင် ဖြစ်ပွားနေသောပဋိပက္ခ၏ “အခြေအနေအားလုံး” အတွက် အဆင်သင့်ရှိနေကြောင်းကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here