လှည်းကူး ပညာရေးကောလိပ်မှ ကျောင်းသား/ဆရာ/ဝန်ထမ်းများနှင့် ကျေးရွာများမှ ပြည်သူများအား ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းပေး

0
271

ရေကြီးရေလျှံမှုနှင့် ကြုံတွေ့နေရသည့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ လှည်းကူးပညာရေးကောလိပ်မှကျောင်းသားကျောင်သူများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများ အပါအဝင် ကျေးရွာများမှ ရေဘေးသင့် ပြည်သူများအား ရေဘေးလွတ်ရာသို့ အောက်တိုဘာ (၁၁) ရက်နံနက် ၇ နာရီမှစတင်ကာ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

လှည်းကူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာများအတွင်းရှိ နေအိမ်များအတွင်းနှင့်လမ်းများပေါ်၌ ရေဝင်ရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ထိုသို့ ရေဝင်ရောက်မှုကြောင့် ရေဘေးအခက်အခဲကြုံတွေ့နေသည့် လှည်းကူးပညာရေးကောလိပ်နှင့် ကျေးရွာနေပြည်သူများအား ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေး ရေယာဉ် (၁၂)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၇၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦးနှင့်လူမှုကူညီရေး အသင်းဝင်များပူးပေါင်း၍ ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here