ဖမ်းမိထားသည့်ဓ-ားစာခံများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကုလ အေဂျင်စီအကြီးအကဲတောင်းဆို

0
187

ဂျီနီဗာ၊အောက်တိုဘာ ၁၁

အစ္စရေးနှင့် ပါလက်စတိုင်းဟားမတ်စ်စစ်သွေးကြွများအကြားဖြစ်နေသောစစ်ပွဲအတွင်း ဓ-ားစာခံအဖြစ် ဖမ်းဆီးခံထားရသော လူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကုလသမဂ္ဂလူသားချင်းစာနာမှု ကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲကအောက်တိုဘာ ၁၀ ရက်တွင်တောင်းဆိုခဲ့ကြောင်းသိရသည်။

“သက်ဆိုင်ရာဘက်နှစ်ဘက်လုံးကို ကျွန်တော် ရှင်းရှင်းလင်းလင်းပြောချင်တာကတော့ စစ်ပွဲရဲ့ ဥပဒေ တွေကို တိတိကျကျလက်ကိုင်ထားပြီးလိုက်နာပေးပါလို့ပြောချင်ပါတယ်” ဟု၎င်းကဆိုခဲ့သည်။

“အကျဉ်းသားအားလုံးကို လူသားဆန်ဆန်ဆက်ဆံပြီး ဓားစာခံတွေအားလုံးကိုခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးပါ” ဟုလည်းဆိုသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးကမူ ဟားမတ်စ် တို့က ထိန်းချုပ်ထားသော ဂါဇာကမ်းမြှောင် ဒေသအား အစားအစာနှင့်လောင်စာဆီတင်သွင်းခြင်းအပါအဝင် ပိတ်ဆို့အရေးယူမှုအား အရှိန်မြှင့်မည်ဖြစ်ကြောင်းလည်း တနင်္လာနေ့ကပြောကြားခဲ့သည်။

Source : Reuters
Photo: AFP


LEAVE A REPLY

Please enter your comment!
Please enter your name here