ဆွီဒင်က ပါလက်စတိုင်းသို့ပေးပို့နေသည့် ဖွံ့ဖြိုးရေးအကူအညီများအားယာယီရပ်ဆိုင်း

0
169

ကိုပင်ဟေဂန်၊အောက်တိုဘာ ၁၁

ဆွီဒင်အနေဖြင့် ပြီးခဲ့သည့်အပတ်က အစ္စရေးကို ဟားမတ်စ်စစ်သွေးကြွများက ရုတ်တရက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနယ်မြေများသို့ ကူညီပေးနေသည့် ဖွံ့ဖြိုးရေးအကူအညီများကို ယာယီရပ်ဆိုင်းခဲ့ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဂျိုဟန်ဖိုဆဲလ်က အင်္ဂါနေ့ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ပါလက်စတိုင်းသို့ပေးပို့နေသည့်အကူအညီများကို ဆက်လက်၍ ပေးမ‌ည် မပေးဘူး နှင့်ပတ်သက်၍ ဥရောပကော်မရှင်က ယင်းအကူအညီအားလုံးကို ဆိုင်းငံ့ထားသည်ဟု ကြေညာချက်တစ်ရပ်ထုတ်ပြန်ပြီးနောက် ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများသည် ၎င်း၏အဖွဲ့ဝင်နိုင်ငံ ၂၇ ဦးအကြား သဘောထားကွဲလွဲမှုများကို အဖြေရှာရန် အင်္ဂါနေ့ကတွေ့ဆုံဆွေးနွေးလျက်ရှိကြောင်းသိရသည်။

ဆွီဒင်၏အိမ်နီးချင်း ဒိန်းမတ်ကလည်း ပါလက်စတိုင်းသို့ ၎င်း၏ပံ့ပိုးမှုများအား ယာယီရပ်ဆိုင်းသည်ဟု ဆွီဒင်ထက်တစ်ရက်စောကာကြေငြာခဲ့သည်။

Source : Reuters
Photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here