ရွှေလီမြို့၌ စိုက်ပျိုးရေးနည်းပညာ သင်တန်းဖွင့်လှစ်နေရာ မြန်မာနိုင်ငံမှလည်း သင်တန်းသားများတက်ရောက်

0
282

ယူနန်ပြည်နယ်၊တဲဟုန်ပြည်နယ်ခွဲ၊ရွှေလီမြို့၌ ခေတ်မီစိုက်ပျိုးရေးနည်းပညာသင်တန်းအား အောက်တိုဘာ ၁၁ ရက်မှစတင်၍ ဖွင့်လှစ်သင် ကြားပေးခဲ့ရာ မြန်မာနိုင်ငံမှလည်း သင်တန်းသားများတက်ရောက်လျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအား အောက်တိုဘာ ၁၁ ရက်နံနက် ၉ နာရီကကျင်းပရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ်ဦးသော်တာအောင်တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းအား ရွှေလီနိုင်ငံတော်အလေးပေးစီးပွားရေးတံခါးဖွင့်စမ်းသပ်ရေးအထူးဇုန်အုပ်ချုပ်ရေးကော်မတီ မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်ရေးရုံးနှင့်ယူနန်ပြည်နယ်စိုက်ပျိုးရေး သိပ္ပံအကယ်ဒမီ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းကာလအတွင်း၌ စာတွေ့လက်တွေ့သင်ကြားပို့ချခြင်း၊အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here