ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် (၉) လအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၁၈၀၀ ကျော် ‌ေ သ-ဆုံးခဲ့

0
286

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မတော်တဆမှု ၃,၆၃၄ မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁,၈၆၄ ဦး ‌ေ သ-ဆုံးခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ (၁၀) ရက် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၅,၉၁၁ ဦး ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူ ကာလအတွင်း ထိခိုက်ဒဏ်ရာရသူ ၄,၉၉၃ ဦး ရှိခဲ့ခြင်းကြောင့် ၉၁၈ ဦး လျော့နည်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ မှ စက်တင်ဘာလအထိ ယာဉ်မတော်တဆမှုကြောင့် ‌ေ သ-ဆုံးသူ (၂,၁၀၂) ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ကာလတူတွင် ‌ေ သ-ဆုံးသူ (၁,၈၆၄) ဦးရှိခဲ့သည့် အတွက် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ‌ေ သ-ဆုံးသူ (၂၃၈) ဦး လျော့နည်းခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်စဉ်များကို ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတို့တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေ ပိုများခဲ့ပြီး နေပြည်တော်နှင့် အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေ လျော့နည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုများမှာ ယာဉ်မဆင်မခြင်မောင်းနှင်သည့်အတွက် အရှိန်ပြင်းထန်စွာ တိုက်မိခြင်းကြောင့် ‌ေ သ-ဆုံးသူ ပိုများရခြင်းဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။

အဆိုပါ ယာဉ်မတော်တဆမှု အရေအတွက်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ၄,၂၈၄ မှုနှင့် နှိုင်းယှဉ်ပါက အမှု ၆၅၀ မှု လျော့နည်းခဲ့ကြောင်း သိရသည်။

Photo – MFSD


LEAVE A REPLY

Please enter your comment!
Please enter your name here