လက်ဘနွန်ပိုင်နက်တွင်းသို့ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်

0
309

ဟစ်ဇ်ဘိုလာ အင်အားကြီးလက်နက်ကိုင်အဖွဲ့က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် လက်ဘနွန်တောင်ပိုင်းရှိ မြို့များကို အစ္စရေးက ဗုဒ္ဓဟူးနေ့တွင်ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက အစ္စရေး၏ ပစ်ခတ်မှုတွင် ၎င်း၏အဖွဲ့ဝင်များလည်းသေဆုံးရခြင်းအတွက် ပြတ်ပြတ်သားသား တုံ့ပြန်မှုအဖြစ် အစ္စရေးနိုင်ငံဆီသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာတို့က ပြောကြားခဲ့သည်။

ထို့ကြောင့် Arab al-Aramshe မြို့အနီးရှိ ဟစ်ဇ်ဘိုလာ စစ်စခန်းတစ်ခုကို ဗုဒ္ဓဟူးနေ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနောက် လက်ဘနွန်ဒေသတွင်းသို့လည်း လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အ‌ေ သအပျောက်အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်း မရှိပေ။

ဟစ်ဇ်ဘိုလာတို့သည် အစ္စရေးနိုင်ငံအတွင်းသို့ တိကျသော ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

အမေရိကန်ကလည်း အစ္စရေးသို့ စစ်ရေးဆိုင်ရာကူညီမှုများပေးပို့လျှက်ရှိရာ အစ္စရေးစစ်တပ်အတွက် ခဲယမ်းမီးကျောက်များ တင်ဆောင်လာသော ပထမဆုံး အမေရိကန် လေယာဉ်သည် ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် အစ္စရေးနိုင်ငံသို ဆိုက်ရောက်လာခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ (IDF) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here