ပဲခူးရထားလမ်းပိုင်း ရေတိုက်စားထားသော နေရာများအား ပြန်လည် ပြုပြင်ရဦးမည် ဖြစ်သည့်အတွက် ရန်ကုန်- မော်လမြိုင် ရထားခရီးစဉ်များ ယာယီရပ်နားထားဦးမည်

0
159

ပဲခူး ရထားလမ်းပိုင်းအတွင်း ရေပြန်ကျသွားပြီဖြစ်သော်လည်း ရေတိုက်စားသွားသည့် အချို့နေရာများအား ပြန်လည် ပြုပြင်ရဦးမည် ဖြစ်သည့်အတွက် အောက်တိုဘာ (၁၂) ရက်တွင် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၂) အစုန် မော်လမြိုင် – ရန်ကုန်ရထားနှင့် ရန်ကုန်ဘူတာကြီးမှ ထွက် ခွာမည့် အမှတ် (၈၁) အဆန် ရထားခရီးစဉ်များအားယာယီဖျက်သိမ်းထားဦးမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။

လက်ရှိတွင် ရထားလမ်းရေကျသွားပြီဖြစ်သော်လည်း နောင်ပတ္တရာနှင့် ကလိဘူတာ ကြားတွင် ရထားလမ်းပိုင်း ရေတိုက်စားထားသော နေရာများအား ပြုပြင်စစ်ဆေးရဦးမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ရန်ကုန်- မော်လမြိုင် ရထားခရီးစဉ်များအား ယာယီဖျက်သိမ်းထားရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေတိုက်စားထားသော လမ်ပိုင်းအား ပြန်လည်ပြုပြင်ကာ စစ်ဆေးပြီးမှသာ ရထားများ ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် ရထားများ ပြန်လည်ပြေးဆွဲမည့် ရက်ကို အချိန်နှင့် တစ်ပြေးညီ တင်ပြသွာမည် ဖြစ်ကြောင်းလည်း မော်လမြိုင်ဘူတာကြီးမှ ထုတ်ပြန်ထားသည်။

အောက်တိုဘာ (၁၀) ရက်ကလည်း ပဲခူးလမ်းပိုင်း ရထားလမ်းရေကျော်နေသဖြင့် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာမည့် အမှတ်(၈၂)အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီးမှ မော်လမြိုင်ဘူတာကြီးသို့ ထွက်ခွာမည့် အမှတ်(၈၁)အဆန် ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်တို့ ယာယီဖျက်သိမ်းခဲ့ရပြီး ရထားလက်မှတ်ဝယ်ယူထားသူများအား လက်မှတ်ခကို မော်လမြိုင်ဘူတာကြီး လက်မှတ်ရုံတွင် ပြန်ထုတ်ပေးသွားမည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သေးသည်။

Photo – မော်လမြိုင်ဘူတာကြီး


LEAVE A REPLY

Please enter your comment!
Please enter your name here