ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန် နေပြည်တော်သို့လာရောက်မည်

0
234

ဖနွမ်းပင်၊အောက်တိုဘာ ၁၂

အာဆီယံဥက္ကဌအဖြစ် ကမ္ဘောဒီးယားတာဝန်ယူဆောင်ရွက်စဉ် ရရှိခဲ့ဖူးသည့်အောင်မြင်မှုတစ်ချို့ကြောင့် ယခုအခါ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်သည် ဂျပန်နှင့်ပူးပေါင်းကာ မြန်မာ့ငြိမ်းချမ်းရေးအတွက်ဆွေးနွေးလိုသဖြင့် မြန်မာသို့လာမည်ဖြစ်ကြောင်း ခမာတိုင်းမ်စ်သတင်းတစ်ရပ်အရသိရသည်။

“နိပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မစ္စတာဟွန်ဆန်တို့သည် မြန်မာနိုင်ငံသို့ငြိမ်းချမ်း‌ရေးဆွေးနွေးရန်အတွက်လာရောက်မည်” ဟု ကမ္ဘောဒီးယားပြည်သူ့ပါတီ၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

မစ္စတာဆာဆာကာဝါနှင့်မစ္စတာဟွန်ဆန်တို့၏တွေ့ဆုံမှုအတွင်း ၎င်းတို့နှစ်ဦးသည် မစ္စတာဟွန်ဆန်၏ မြန်မာ့အရေးတိုးတက်စေလိုသည့် ကြိုးပမ်းအားထုတ်မှုနှင့် စေ့ဆော်လုပ်ဆောင်ချက်များအကြောင်းကိုပါထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟုလည်းသိရသည်။

ကမ္ဘောဒီးယားသည် မြန်မာကဲ့သို့ပင် ယခင်ကပြည်တွင်းစစ်ဖြစ်ခဲ့ဖူးပြီး မစ္စတာဟွန်ဆန်၏ကြိုးပမ်းအားထုတ်မှုကြောင့် ငြိမ်းချမ်းရေးရရှိခဲ့သည့်အပေါ်လည်း မစ္စတာဆာဆာကာဝါက အသိအမှတ်ပြုချီးကျူးကြောင်းဆိုခဲ့ကာ ၎င်းတို့နှစ်ဦး မြန်မာနိုင်ငံသို့လာမည့်နေ့ရက်အတိအကျကိုမူ ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေ။

“မြန်မာနိုင်ငံငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အာဆီယံနဲ့ဂျပန်ရဲ့ကူညီမှုကတစ်ဆင့် သက်ဆိုင်သူ အားလုံးနဲ့ ငြိမ်းချမ်းတဲ့နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ပြီး နောက်နှစ်မှာရွေးကောက်ပွဲကျင်းပနိုင်ပါလိမ့်မယ်” ဟုလည်းမစ္စတာဟွန်ဆန်ကရှင်းပြခဲ့သည်ဟုသိရသည်။

မစ္စတာဟွန်ဆန်သည်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်အတွင်း ပြီးခဲ့သည့်နှစ်ဇန်နဝါရီလကလည်း နေပြည်တော်သို့လာရောက်ခဲ့ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၁၄၀ မိနစ်ကြာသည်အထိ တွေ့ဆုံဆွေးနွေးခဲ့‌သေးသည်ဟုဖော်ပြထားသည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here