မကွေးမြို့တွင် ဆိုင်ကယ် (၂) စီးတိုက်မိ၍ အမျိုးသား (၂) ဦးဒဏ်ရာရ

0
176

မကွေးတိုင်း၊ မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းထောင့်တွင် ယနေ့ အောက်တိုဘာ (၁၂) ရက်နံနက် (၉) နာရီကျော်ခန့်က ဆိုင်ကယ် (၂) စီးတိုက်မိခဲ့ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“အမျိုးသားတစ်ယောက်က ပြင်းထန်ဒဏ်ရာရထားတယ်။ သတိမေ့နေတာပေါ့။ နားထဲကလည်း သွေးတွေထွက်နေတယ်။ စိုးရိမ်ရတယ်။ တစ်ယောက်ကတော့ ဘယ်ဘက်လက်မှာ ပွန်းပဲ့ သွားရုံလောက်ပါပဲ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူ (၂) ဦးအား ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ပရဟိတမင်းခေါင်


LEAVE A REPLY

Please enter your comment!
Please enter your name here