ပဲခူးပြည်သူ့ဆေးရုံကြီး အပါအဝင် ရေပြန်ကျသွားသည့် နေရာများအား သန့်ရှင်းရေး လုပ်ဆောင်ပေးနေ

0
640

ရေပြန်လည်ကျလာပြီဖြစ်သည့် ပဲခူးမြို့ပေါ်ရှိ ပဲခူးမြို့ပြည်သူ့ဆေးရုံကြီး၊ အ.ထ.က(၁) စာသင်ကျောင်းနှင့် မြို့မဈေးကြီးတို့တွင် တိုင်းအတွင်းရှိ မီးသတ်စခန်းများမှ တာဝန်ရှိသူများ ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရပ်ကွက်များအတွင်း သောက်သုံးရေရရှိရေး ရေသန့်ထုတ်လုပ်သည့် ယာဉ်ဖြင့် တွဲဖက်၍ ရေပေးဝေရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး အောက်တိုဘာ (၁၂) ရက်တွင် ရေပြန်လည်ကျဆင်းသွားသော်လည်း ဒေသခံများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်ပေးနေရကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ် (၁၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရပ်ကွက်များအတွင်း သောက်သုံးရေရရှိရေးအတွက် ရေသန့်ထုတ်လုပ်သည့်ယာဉ်ဖြင့် တွဲဖက်၍ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့ အမြင့်ပိုင်းရပ်ကွက်များ၊ ပဲခူးဆေးရုံ၊ ပဲခူးမြို့မဈေး အပါအဝင် မြို့လယ်ခေါင်ရှိ နေရာအားလုံးနှင့် ညွှန့်ရုပ်ရှင်ရုံလမ်း၊ မှော်ကန်တို့တွင်လည်း လက်ရှိ ရေပြန်ကျနေပြီဖြစ်ကြောင်း ပဲခူးမြို့ခံများထံမှ သိရသ ည်။

တောင်တရုတ်ပင်လယ်အတွင်း စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း ကိုအိနု (Koinu)ကြောင့် မြန်မာနိုင်ငံ အနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ရာ ပဲခူးမြို့တွင် နှစ်ပေါင်း ၆၀ ကျော် အတွင်း စံချိန်တင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပဲခူးမြို့အပါဝင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး၊ လှည်းကူးနှင့် မှော်ဘီမြို့နယ်တို့တွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေရာ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကူညီပေးခဲ့ရကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင်လည်း ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၄၀၀၀ ကျော် ရေဘေးသင့်ခဲ့ရပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးစခန်းများတွင် ကူညီစောင့်ရှောက်ပေးထားရကြောင်း ဒေသခံ လူမှုကူညီကယ်ဆယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here