ဝါရှင်တန်၊အောက်တိုဘာ ၁၂
ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမတ်စ်၏ တိုက်ခိုက်မှုများကြောင့် အစ္စရေးအထိနာခဲ့ရသဖြင့် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက စစ်သွေးကြွအဖွဲ့ဟားမက်စ်အား အပြင်းထန်ဆုံးတုံ့ပြန်တိုက်ခိုက်မည်ဟုဆိုခဲ့ရာ အမေရိကန်သမ္မတကစစ်ပွဲစည်းမျဉ်းများကိုလိုက်နာရန်သတိပေးပြောကြားခဲ့သည်။
အစ္စရေးကိုထောက်ခံကြောင်းပြသရန်ဒေသတွင်းသို့ အမေရိကန်လေယာဉ်တင်သင်္ဘောကို စေလွှတ်ခဲ့သည့် အသက် ၈၀ ပြည့်နှစ်အရွယ်ရှိ ကန်သမ္မတက ဟားမတ်စ်ကိုကျောထောက်နောက်ခံပြုပေးနေသည့်အီရန်ကိုလည်း သတိထားရန်သတိပေးခဲ့သည်။
ဟားမတ်စ်အဖွဲ့၏တိုက်ခိုက်မှုကြောင့် ဂျူးလူမျိုး ၁,၂၀၀ ကျော်သေဆုံးခဲ့ပြီး အစ္စရေးဘက်မှလေကြောင်းဖြင့်ဗုံးပြန်ကျဲသဖြင့်လည်း ပါလက်စတိုင်းဒေသခံ ၁,၀၀၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည် ဟားမတ်စ်အဖွဲ့၏အလုံးစုံပျက်စီးရေးကိုကတိပြုခဲ့သဖြင့် အမေ ရိကန်သမ္မတက စစ်ပွဲစည်းမျဉ်းများ အားလေးစားလိုက်နာရန်ကိုမူသတိပေးခဲ့ခြင်းလည်းဖြစ်သည်။
အစ္စရေး – ဟားမတ်စ်အရေးအခင်းကာလအတွင်း အမေရိကန်နိုင်ငံသား ၂၂ ဦးခန့်သေဆုံးခဲ့ပြီး စစ်သွေးကြွများ၏ဖမ်းဆီးခြင်းခံထားရသည့် ဓားစာခံ အယောက် ၁၅၀ တွင်လည်း အမေရိကန်နိုင်ငံသားများပါဝင်နိုင်ကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးကဆိုခဲ့သည်။
Source :AFP