နမ္မတူချောင်းရေ မြင့်တက်မှုကြောင့် နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက်အတွင်းသို့ ရေများဝင်ရောက်လျက်ရှိ

0
269

ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ္မတူချောင်းရေမြင့်တက်လာပြီး နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက်အတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက် (၁၁) နာရီ (၄၅) မိနစ်ခန့်တွင် နမ္မတူမြို့၊ပန်ဟိုက်ရပ်ကွက်အတွင်းရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ကာ လမ်းများပေါ်တွင်လည်း ရေကျော်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ရေဝင်ရောက်မှုဖြစ်ပေါ်နေသည့် နေအိမ်များအတွင်းနေထိုင်သည့် အိမ်ထောင်စုဝင်များအား နမ္မတူမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here