ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ္မတူချောင်းရေမြင့်တက်လာပြီး နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက်အတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ယနေ့ နံနက် (၁၁) နာရီ (၄၅) မိနစ်ခန့်တွင် နမ္မတူမြို့၊ပန်ဟိုက်ရပ်ကွက်အတွင်းရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ကာ လမ်းများပေါ်တွင်လည်း ရေကျော်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ရေဝင်ရောက်မှုဖြစ်ပေါ်နေသည့် နေအိမ်များအတွင်းနေထိုင်သည့် အိမ်ထောင်စုဝင်များအား နမ္မတူမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။