ယူကရိန်းသည် ယခုနှစ်နှင့်လာမည့်နှစ်တွင် ကန်ဒေါ်လာ ၄၂ ဘီလျံ ဘတ်ဂျက်လိုအပ်

0
214

မာရာကက်ခ်၊အောက်တိုဘာ ၁၂

ရုရှား၏ကျူးကျော်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်များအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီများကိုဖြည့်ဆည်းနိုင်ရန် နိုင်ငံသည် ယခုနှစ်နှင့်လာမည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၄၂ ဘီလျံ ခန့်မျှသောဘတ်ဂျက် လိုအပ်မည်ဖြစ်ကြောင်း ယူကရိန်းဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက် မဟာမိတ်တွေဆီကထောက်ပံ့မှုတွေရဖို့လိုအပ်ပါတယ်၊ဒါမှသာ နိုင်ငံရဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ဆရာဝန်၊ဆရာ၊ဆရာမတွေရဲ့လစာတွေ၊ပင်စင်လစာတွေ နဲ့ရုရှားတိုက်ခိုက်မှုအတွင်း အိမ်ခြေယာမဲ့ဖြစ်သွားရသူတွေကိုကူညီနိုင်မှာဖြစ်ပါတယ်” ဟု၎င်းကဆိုသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလိုအပ်ချက်များကို ကူညီအကဲဖြတ် ဆန်းစစ်ပေးနေပြီး လျင်မြန်သည့်ပြန်လည်ထူထောင်ရေးအစီအစဉ်အတွက်မူ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံလိုအပ်မည်ဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့သည်။

နိုင်ငံပြန်လည်နာလန်ထူရေးအတွက် အဓိကသော့ချက်မှာ အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်ရန်နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို မြှင့်တင်ရန်တို့ပါဝင်သည့်စီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်များဖြစ်ကြောင်းကို ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဂျဲနက်ယဲလန်ကမူ သမ္မတဇလန်းစကီးအား အကျင့်ပျက်ခြစားမှုပပျောက်ရေးကိုသာအာရုံစိုက်ရန်ပြောကြားခဲ့ပြီး ယူကရိန်းအတွက် အမေရိက ကပံ့ပိုးမည်ဟုလည်းကတိပြုပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here