ပြည်တွင်းဆန်ဈေး မြင့်တက်ခြင်းနေကြောင့် ပြည်ပဆန်တင်ပို့မှု လျော့ကျနေရကြောင်း ဆန်စပါးအသင်း ဥက္ကဋ္ဌပြော

0
328

ယနေ့ အောက်တိုဘာ (၁၂) ရက် နေ့လယ်ပိုင်းက ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းပြန်ကြားထုတ်ပြန်မှု အစီအစဉ်တွင်မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အဓိက ပြည်တွင်းဆန်ဈေးမြင့်တက်နေတာလည်းပါတယ်။ နောက်တစ်ခုက ငွေလဲနှုန်း။ ငွေလဲနှုန်းပြင်သည့်တိုင်အောင် ပြည်တွင်းဆန်ဈေးနှုန်း မြင့်မားနေတဲ့ အချိန်ဆိုရင် အခက်အခဲရှိပါတယ်။ငွေလဲနှုန်းပြင်မယ်ဆိုပြီး ပြည်တွင်းဆန်ဈေးနှုန်းကလည်း လိုက်မြင့်တက်မှာကို စိုးရိမ်ရတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ် ကာလတူထက် တန်ချိန် (၅) သိန်းခန့် လျှော့ကျနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်သည့် G to G အစီအစဉ်၊ ပုံမှန်ဖောက်သည်များဖြစ်ပြီး ဝယ်လိုအား အများဆုံးဖြစ်သည့် တရုတ်နှင့် ဥရောပဈေးကွက်ထံ ရောင်းချနေသလို အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်စသည့် နိုင်ငံများအနေဖြင့်လည်း မြန်မာ့ဆန်ကို တိုးမြှင့်ဝယ်ယူလာကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်၏ ခြောက်လတာကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၄၆၀၀၀၀ ကျော်တင်ပို့ထားပြီး‌ ဒေါ်လာသန်း ၂၁၀ ခန့်ရရှိထားကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here