ရွှေပြည်သာမြို့နယ်တွင် ဖောကားက ထော်လာဂျီကို ဝင်တိုက်မိရာမှ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

0
183

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊လှော်ကားဥယျာဥ်လမ်းမကြီးပေါ်တွင် ယနေ့ အောက်တိုဘာ (၁၂) ရက် ည (၆) နာရီကျော်ခန့်က ဖောကားမှ ထော်လာဂျီယာဥ်အား နောက်မှဝင်တိုက်မိခဲ့ကြောင်း လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းမှ သိရသည်။

“လှော်ကားဥယျာဥ်လမ်းမကြီးပေါ်က တောရွာလေးသုဿန်နားမှာတိုက်မိတာပါ။ ဖောကားက အရှိန်မထိန်းနိုင်ဘဲ ထော်လာဂျီကိုနောက်ကဝင်တိုက်မိတာ။ ထော်လာဂျီပေါ်က အမျိုး သားတစ်ယောက် ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့အနေအထားပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့သည့် အမျိုးသားအား လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းမှ မြေ ပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-လူမှုဘဝစောင့်ရှောက်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here