ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)အခမ်းအနားများကျင်းပမည်

0
269

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)အခမ်းအနားများကျင်းပသွားမည်ဟု ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

ထိုသို့ ကျင်းပရာ၌ အောက်တိုဘာ ၂၈ ရက်ညနေ ၅ နာရီတွင် လျှပ်စစ်မီးစေတီများအား ရင်ပြင်တော်တစ်ပတ်လှည့်လည်၍ အောင်မြေတွင် လှူဒါန်းပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၂၉ ရက်(သီတင်းကျွတ်လပြည့်နေ့)နံနက် ၅ နာရီခွဲမှစ၍ စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီးကပ်လှူပူဇော်ခြင်းအဘိဓမ္မာအခါတော်နေ့အခမ်းအနားများကိုပြုလုပ်၍ နံနက် ၉ နာရီခွဲ၌ ဝါတွင်းသီလခံယူပွဲနှင့် ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များအောင်ပွဲရေစက်ချအခမ်းအနားများကို ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here