မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

0
197

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊သာယာကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အောက်တိုဘာ ၁၂ ရက်ည ၈ နာရီ ၃၇ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးလောင်မှုမှာ လူထိခိုက်သေဆုံးတာမရှိပါဘူး မီးလောင်တဲ့အကြောင်းရင်းကတော့ မီးသတ်ကစစ်ဆေးကြတာ ကျွန်တော်တို့က မီးသတ်နဲ့ပေါင်းပြီး မီးဝိုင်းငြှိမ်းပေးခဲ့တာ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်အား မင်္ဂလာတောင်ညွှန့်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၈ နာရီ ၅၂ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ မီးစတင်လောင်ကျွမ်းရသည့်အ ကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီး သတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here