အစ္စရေးရောက်ထိုင်းအလုပ်သမားနှစ်ဦးထပ်မံ‌ေ သ-ဆုံးကာ ‌ေသ-ဆုံးသူ ၂၁ ဦးအထိရှိလာ

0
266
A Thai national (C) hugs family members after arriving on a flight from Israel at Suvarnabhumi International Airport in Bangkok on October 12, 2023, as Thais working in Israel returned to the kingdom following a surprise attack on Israel by the Palestinian militant group Hamas. - Thailand's prime minister announced on October 12 the death toll of Thai nationals killed in the conflict between Israel and militant group Hamas had risen to 21, as worried families gathered at a Bangkok airport to be reunited with wounded loved ones. (Photo by Lillian SUWANRUMPHA / AFP)

ဘန်ကောက်၊အောက်တိုဘာ ၁၂

အစ္စရေး – ဟားမတ်စ်ပဋိပက္ခအတွင်း ထိုင်းနိုင်ငံသား‌ေ သ-ဆုံးသူ ၂၁ ဦးအထိရှိလာပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရီသာသာဗီဆင်က အောက်တိုဘာ ၁၂ ရက်တွင်ပြောကြားခဲ့သည်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်၏ တိုက်ခိုက်မှုကြောင့် နှစ်ဖက်တင်းမာမှုမြင့်တက်လာပြီး အပြန်အလှန်တိုက်ပွဲဖြစ်ပွားကာ ထောင်ချီ‌ေ သ-ဆုံးခဲ့ပြီး ဓ-ားစာခံ ၁၅၀ ကျော်ဖမ်းဆီးခံထားရကြောင်းသိရသည်။

အစ္စရေးနိုင်ငံ၌ စိုက်ပျိုးရေးကဏ္ဍဖြင့်အလုပ်လုပ်ကိုင်နေသူထိုင်းလူမျိုး ၃၀,၀၀၀ ကျော်ရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

ထိုင်းလူမျိုး ၁၄ ဦးသည်လည်း ဓ-ားစာခံအဖြစ်ဖမ်းခေါ်သွားရသည့်အထဲပါဝင်နေသဖြင့် စိုးရိမ်မှုများလည်းမြင့်တက်လာသည်။ထိုင်းအစိုးရဘက်မှ ၎င်းနိုင်ငံသားများကိုပြန်လည်ခေါ်ယူပေးနေသဖြင့် အစ္စရေးရောက်ထိုင်းနိုင်ငံသားမိသားစုဝင်များသည် သုဝဏ္ဏဘူမိလေဆိပ်တွင်စုရုံးစောင့်ကြည့်နေကြသည်ဟုလည်းသိရသည်။

ပထမအသုတ်ပြန်ကြိုလာသည့်လေယာဉ်တွင် ထိုင်းနိုင်ငံသား ၁၅ ဦးပါဝင်ကာ ဒဏ်ရာရလာသူများလည်းရှိ‌သည်ဟုဖော်ပြထားသည်။

ပြန်လာသူများထဲတွင် ခြေထောက်ပြ-တ်လာသူများလည်းရှိကာ ထိုင်းနိုင်ငံသား ၅,၀၀၀ ကျော်သည် နိုင်ငံပြန်ခွင့်ရရန်လျှောက်ထားသဖြင့် သံတမန်များဘက်ကလည်း ရေကြောင်း၊ကုန်းကြောင်းဖြင့်အတတ်နိုင်ဆုံးအမြန်ဆုံးခေါ်ယူနိုင်ရန်ကြိုးစားနေကြသည်ဟုလည်းဆိုခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here