တောင်ကျချောင်းရေ ဝင်ရောက်မှုကြောင့် ပုသိမ်ကြီးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ယာယီပိတ်ခဲ့ရ

0
294

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း၌ ယနေ့ အောက်တိုဘာ (၁၃) ရက် နံနက်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ ဝင်ရောက်ကာ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ရေဝင်မှုဖြစ်ပေါ်နေသည့်အတွက် ပုသိမ်ကြီးမြို့နယ်အတွင်း၌ နေထိုင်သူများ လျှပ်စစ်အန္တရာယ် မကြုံတွေ့စေရန် မြို့နယ်အတွင်း ပို့လွှတ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ယနေ့နံနက် (၈) နာရီခွဲခန့်မှစတင်၍ ယာယီပိတ်ထားကြောင်း ပုသိမ်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှအသိပေးထားသည်။

ပုသိမ်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၏ အသိပေးချက်အရ 33/11kV 20MVA မြို့မ ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားပေးထားသည့် 11kV ရေထွက်ဖီဒါ၊ 11kV စမ်းကျဖီဒါ၊ 11kV ရန်ကင်းတောင်ဖီဒါ၊ 11kV ‌မြို့မ MTU ဖီဒါတို့ကို ယာယီပိတ်ထားရကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here