ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲမည့် အငှားယာဉ်များအနေဖြင့် ယာဉ်၏ဘေးဘက်တွင် အဝါရောင်လိုင်းများကပ်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က ညွှန်ကြားထားကြောင်း သိရသည်။
ယင်းကဲ့သို့ အဝါရောင်လိုင်းများကပ်ရန် ညွှန်ကြားရခြင်းမှာ မြို့အတွင်း မောင်းနှင်နေသည့် အခြားယာဉ်များနှင့် ကွဲပြားစေရန် ညွှန်ကြားရခြင်းဖြစ်ကြောင်း YRTC၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အငှားယာဉ်များ ဘေးအဝါလိုင်းကပ်ရန် လာမည့် နိုဝင်ဘာ (၁) ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၃၁) ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အငှားယာဉ်များအနေဖြင့် ဘေးနှစ်ဖက် ကိုယ်ထည်တွင် အဝါရောင်လိုင်း အနံ (၅) လက်မခန့်ရှိ အလျားလိုက်လိုင်း စတေကာဖြင့် ယာဉ်၏ ရှေ့မီးခွက်အောက်မှ နောက်မီးခွက်အောက်အထိ ကပ်ရမည်ဖြစ်သည်။
ယင်းလုပ်ငန်းစဉ်သတ်မှတ်နှင့် ပတ်သက်၍ ဒီဇိုင်းအတိုင်း ညှပ်ခ အပါအဝင် စတေကာတန်ဖိုး (၅၀၀၀) ကျပ်ကို လာမည့် နိုဝင်ဘာ (၁) ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ (၃) လအတွင်း YRTC က ကျခံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

