ယခုနှစ်မိုး​ကောင်း၍​ထောပတ်သီးအထွက်​ကောင်းသလို​စျေးလည်း​ကောင်း​နေသည့်မြန်မာ့ ထောပတ်သီးကို ထိုင်းနှင့်အိန္ဒိယသို့ တင်ပို့မည်

0
308

မြန်မာ့ထောပတ်သီးများကို ဝယ်ယူရန် ထိုင်းနိုင်ငံမှ ကမ်းလှမ်းထားသည့်အတွက် အဓိကထား တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

ယခုနှစ် ထောပတ်သီးရာသီတွင် မြန်မာ့ ထောပတ်သီးများအား ထိုင်းနိုင်ငံသို့ အဓိကထား တင်ပို့သွားမည်ဖြစ်ပြီး တင်ပို့ကုန်သွယ်ရောင်းချခွင့် ရရှိရေးအတွက် အစိုးရချင်း ညှိနှိုင်းလုပ်ဆောင်နေကြောင်း သိရသည်။

ထို့ပြင် ယခုနှစ်တွင် မိုးအရမ်းများခဲ့သည့်အတွက် ထောပတ်သီး အထွက်နှုန်းများနိုင်ပြီး ပြီးခဲ့သည့်နှစ်ထက် ဈေးကွက်ကောင်းနိုင်ကြောင်းလည်း ထောပတ်သီးတင်ပို့ရောင်းချသူများက သုံးသပ်ကြသည်။

လက်ရှိထောပတ်သီးဈေးများအနေဖြင့် ဈေးကွက်အစ တစ်ကီလိုလျှင် ကြမ်းခင်းဈေး ၃၅၀၀ ကျပ်ရှိပြီး ပြီးခဲ့သည့် နှစ်တွင် တစ်ကီလို ၂၅၀၀ သာ ရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှလည်း ယခုရာသီတွင် ထောပတ်သီးတန်ချိန် (၁၀၀၀) ဝယ်ယူရန် ကမ်းလှမ်းထားပြီး မြန်မာကုန်ထွက် ထောပတ်သီး ရာသီချိန်ဖြစ်သော နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံ သစ်သီးကုန်သည်အဖွဲ့အစည်းမှဝယ်ယူရန်ကမ်းလှမ်းထားသော တန်ချိန်(၁၀၀၀) ကိုလည်း တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၀ ပြည့်နှစ် စာရင်းတွေအရ ပြည်တွင်း၌ ထောပတ်သီး စိုက်ဧက ၂၀၀၀၀ ဝန်းကျင်ရှိပြီး ရှမ်းပြည်နယ်အပါအဝင် တခြား‌သော ဒေသများတွင်လည်း စိုက်ပျိုးထုတ်လုပ်သူများလာကာ တစ်ဧကကို Export Quality ထောပတ်သီးတန်ချိန် ၅၀၀၀ ကနေ ၁၀၀၀၀ ကြားထွက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here